Latest Posts

Friday, January 1, 2016

Tuesday, December 29, 2015

ဆန္ဒပြနေတာကိုကြတော့ စုံစမ်းချင်နေသေးတယ် ဒါကသူများပြည်တွင်းရေးကိစ္စမဟုတ်လား


ဆန္ဒပြမှုနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲအမိန့်ထုတ်

------------------------------------------------------------------------------------------


လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြ မြန်မာများ၏ နောက်ကွယ်မှ သွေးထိုးလှုံဆော် ကြိုးကိုင်နေသည့် အုပ်စုကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda က ပြော လိုက်ပါတယ်။ မြန်မာလူငယ် ၂ဦး သေဒဏ်ချမှုမှာ ဆန္ဒပြပွဲတွေဖြစ်လာစေဖို့ အုပ်စုတစုက နိုင်ငံရေးရည်ရွယ် ချက်နဲ့ မီးထိုးပေးနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။ဆန္ဒပြသူတွေဟာ ကြာသပတေးနေ့ကတည်းက ရန်ကုန်က ထိုင်းသံရုံး၊ တာချီလိတ်၊ ဘုရားသုံးဆူ စတဲ့ နေရာ တွေမှာ ဆန္ဒပြဖို့ နေရာယူထားတာဖြစ်ပြီး၊ ဂျပန်က ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြသလို သီရိလင်္ကာက ဘုန်းကြီးတွေ နဲ့ ချိတ်ပြီး ထိုင်းသံရုံးရှေမှာ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။မန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဆန္ဒပြပွဲများ နောက်ကွယ်တွင် မည်သည့် အုပ်စုကမှရှိမနေဘူးလို့ ဆိုလိုက်ပါတယ်။အရင်ကလည်း မြန်မာ ၁၂၆ဦးကို လူသတ်မှုနဲ့ အရေးယူခဲ့ပေမယ့် အခုလို ဆန္ဒပြတာတွေမဖြစ်ခဲ့ဘူး၊ ဒီအမှုမှာတော့ တချို့အုပ်စုတွေဟာ တရားရုံးဆုံးဖြတ်ချက်ကို အတိုက်အခံလုပ်ဖို့ ပြုလုပ်နေတဲ့အတွက် ထိုင်းရဲတပ်ဖွဲအနေနဲ့ ဒါတွေကို တားဆီးသွားမယ်လို့ ဆိုပါတယ်။အထူးသဖြင့် ရဲအထူးစုံစမ်းရေး အဖွဲ့တွေအနေဲ့ မြန်မာလူထုကို သွေးထိုးလှုံဆော်သူကို ရှာဖွေနေဖို့ အမိန့်ပေး ထားတယ်လို့ ရဲတပ်ဖွဲ့ အကြီးChakthip Chaijinda ကပြောလိုက်ပါတယ်။






ကော့တောင်ကျွန်းလူသတ်မှူစီရင်ချက် ကန့်ကွက်ကြောင်း ပဲခူးတိုင်း ဆန္ဒထုတ်ဖေါ်

26 December 2015 Local Time 1:00 Pm ပဲခူးမီဒီယာ



ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ကို အောက်ခြေ တရားရုံးက သေဒဏ် အပြစ်ပေး ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း ဥပဒေအတိုင်း ပဲ လုပ်သွားရမှာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ကျန်းအိုးချား က ပြောကြားခဲ့ပါတယ်။
မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးကို သေဒဏ် အမိန့်ချ ထားတဲ့ အပေါ် ထိုင်းအစိုးရက ပြန်လည် သုံးသပ် ပေးဖို့ မြန်မာ အစိုးရ ဘက်က တာဝန်ရှိသူ တွေနဲ့ အများ ပြည်သူက တောင်းဆို နေကြ ပါတယ်။
ဒီအကြောင်း ထိုင်းဝန်ကြီးချုပ်ကို သတင်းထောက်တွေကမေးမြန်းတော့ သူက
"တရားရုံးက ဆုံးဖြတ်ပြီးရင် အယူခံရုံးနဲ့ တရားရုံးချုပ် တို့ကို ဆက်ပြီး တင်နိုင်တယ် မဟုတ်လား။ မြန်မာ ဘက်ကိုလည်း ရှင်းပြ လို့ ရပါတယ်။ မြန်မာ ဘက်က တောင်းဆို တာက တရား ဥပဒေ အတိုင်း မျှမျှတတဆောင်ရွက် ပေးဖို့ ဖြစ်တယ်။ အမှုကို လုံးဝ ရုပ်သိမ်း လိုက်လို့ ရမလား။ မရဘူး ဆိုရင် မရတဲ့ အကြောင်း ရှင်းပြ လိုက်ပေါ့။ အယူခံ ဝင်ခွင့် ပေးထား တယ် မဟုတ်လား။ ကမ္ဘာ့ ဥပဒေ တွေလည်း ဒီလိုပဲ ရှိတယ် မဟုတ်လား။ ထိုင်းမှာ အယူခံ စရာ မလိုဘူးလား၊ ဖိအားပေး တာနဲ့ အမှုကို ရုတ်သိမ်းလိုက် တာမျိုး လုပ်လို့ ရပါမလား" လို့ပြောခဲ့ ပါတယ်။
ဒီအမှုကို တရားမျှမျှ တတ ဆောင်ရွက် ပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ဒုတိယဝန်ကြီးချုပ် လည်းဖြစ် ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်တဲ့ ပရာ့ဝစ် ဝုံးစူဝမ်း နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စုမ်မိုင် ကောင်းထီရာ့ ကို သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။
ဒါကို ပြန်လည် ရှင်းပြဖို့ ဗိုလ်ချုပ်ကြီး စုမ်မိုင် ကောင်းထီရာ့ကို ဒုဝန်ကြီးချုပ် ပရာ့ဝစ် ဝုံးစူဝမ်းက တာဝန်ပေး လိုက်ပါတယ်။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ရဲ့အမှုကို အခမဲ့ အကျိုးဆောင် ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီက အယူခံဝင်မယ့်အကြောင်း သူတို့ရဲ့ မိခင်တွေကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရှင်းပြပြီး သတင်းစာ ရှင်းလင်းပွဲ ပြုမယ်လို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။
ထိုင်းတရားရုံး ရဲ့ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၃၀ အတွင်း အယူခံ ဝင်ရမှာ ဖြစ်ပါတယ်။
အယူခံ တရားရုံးမှာ အောက်ခြေ တရားရုံးနဲ့ ကွဲလွဲပြီး အနိုင်ပေးတဲ့ အမှုတွေ အများအပြား ရှိခဲ့ဘူးတယ်လို့ မြန်မာ နှစ်ဦး ရဲ့ ရှေ့နေ အဖွဲ့ အကြံပေး စူရာ့ဖုန်း ကောင်းကျန်းထွတ်ခ် က ရှင်းပြပါတယ်။
ထိုင်းနိုင်ငံမှာ သေဒဏ် အမိန့်ချမှတ် ပေမယ့် သေဒဏ် ပေးတာတော့ မရှိတော့ဘူး လို့ ရှေ့နေ စူရာ့ဖုန်း ကောင်းကျန်းထွတ်ခ် က ပြောပါတယ်။


Ref:      BBC Burmese

Translate

Popular Posts

Recent Posts

Blog Archive