Showing posts with label News-Myanmar. Show all posts
Showing posts with label News-Myanmar. Show all posts

Sunday, December 27, 2015

Signature cmapaign Petition in Myanmar








24 December 2015: PM 1:00
မြန်မာနိုင်ငံသားတွေက မြန်မာနိုင်ငံသားတွေအတွက် ဝိုင်းဝန်းတောင်းဆိုကြတဲ့အခါမှာ ဘယ်ဘာသာ ဘယ်လူမျိုးဆိုတာမရှိတော့ပဲ ငါတို့အားလုံးဟာ တစ်နိုင်ငံတည်းသားတွေဆိုပြီး လက်မဆိတ်တော့ လက်ထိပ်နာဖြစ်ပြီး ဝိုင်းဝန်းရပ်တည်ပေးကြတာ။ မြန်မာ့ရခိုင်ကောင်လေးနှစ်ယောက်ကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းလက်မှတ်ထိုး တောင်းဆိုကြတဲ့သူတွေထဲမှာ တရုတ်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ကလေးတွေ၊ လိင်တူချစ်သူတွေ အကုန်ပါကြတယ်။ တနိုင်ငံလုံးအရေးလို့ ခံယူလိုက်ကြတဲ့အခါမှာ တခြားသော ဖြစ်တည်မှုတွေဟာ နိုင်ငံသားဆိုတဲ့ခေါင်းစဉ်အောက်မှာ တသားတည်းဖြစ်သွားကြတယ်။ ကျနော်မျှော်မှန်းတဲ့ အနာဂတ်မြန်မာနိုင်ငံတော်ဆိုတာ အဲ့ဒီလိုစိတ်ထားမျိုးတွေရှိတဲ့ မြန်မာနိုင်ငံသားတွေနေတဲ့ နိုင်ငံတစ်ခုပဲ။ မတူညီတဲ့ ဖြစ်တည်မှုတွေအပေါ် အပြစ်ရှာ ရန်မဖြစ်ကြပဲ နိုင်ငံကောင်းကျိုးအတွက်ကိုယ်နိုင်ရာကို စုပေါင်းလုပ်ဆောင်သွားကြတဲ့ အလေ့အကျင့်မျိုး လုပ်ဆောင်နိုင်တဲ့တစ်နေ့ ကျနော်တို့နိုင်ငံ တကယ်ဒီမိုကရေစီရပါပြီ။ အဲ့ဒီလိုမျိုးဖြစ်လာအောင်လည်း ကျနော်တို့ကြိုးစားလုပ်ဆောင်သွားမှာပါ။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရမှာဖြစ်တဲ့အတွက်ကြောင့် အချိန်တော်တော်ကြာကြာယူရပါမယ်။ တဖြည်းဖြည်းချင်း တည်ဆောက်ယူရပါမယ်။ ကျနော်တို့တွေ အားမလျှော့ပဲကြိုးစားသွားကြရပါမယ်။

Ref: Young Global Network Forum of Yangon

"ဘုရားအဆူဆူပွင့်တော်မူရာဗုဒ္ဓဂယာ မြေမြတ်မဟာ၌ထိုင်နိုင်ငံတွင်မတရားသေဒဏ်ကျခံနေရသည်ြ့မန်မာဒကာ(၂)ဦးလွတ်မြောက်ရောက်အတွက်အိန္ဒိယရောက်မြန်မာသံဃာတော်များမှ ပရိတ်ရွတ် ဆုတောင်းပွဲ ကျင်းပ"




ထိုင်းနိုင်ငံတွင်မတရားပြစ်ဒဏ်ကျခံနေရသည့်မြန်မာဒကာ(၂)ဦးအမြန်ဆုံးလွတ်မြောက်စေရန်အတွက် အိန္ဒိယနိုင်ငံတွင်ရောက် သံဃာတေိာများစုပေါင်း၍ ဘုရားအဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာအောင်မြေမဟာတွင် ပရတ်ရွတ်၊မေတ္တာပို့၊ ဆုတောင်းမင်္ဂလာပြုလုပ်ခဲ့ပါသည်။

သံဃာတော်ရှင်မြတ်တို့သည် မြန်မာဒကာ(၂) ဦးလွတ်မြောက်စေရန် မေတ္တာသုတ် ၊မောရသုတ်နှင့် ၀ဋ္ဋသုတ်တော်တို့ကိုရွတ်ဖတ်ပူဇော်ဆုတောင်း၍ သဗ္ဗဉုတဉာဏ်တော်ရတော်မူရာ မဟာဗောဓိညောင်ပင်တော်နှင့် မဟာဗောဓိစေတီတော်တို့ကို ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊သံဃာ့ဂုဏ်တော်များ ရွတ်ပွားကာလျှက် လက်ယာရ စ်သုံးပတ်ပတ်ပူဇော်၍ မတရားပြစ်ဒဏ်သင့်နေသည့် ဒကာ(၂) ဦးအမြန်လွှတ်မြောက်စေေ ကြာင်း ဆုတောင်းခဲ့ကြသည်။

Translate

Categories

Popular Posts

Recent Posts

Blog Archive