"ဘုရားအဆူဆူပွင့်တော်မူရာဗုဒ္ဓဂယာ မြေမြတ်မဟာ၌ထိုင်နိုင်ငံတွင်မတရားသေဒဏ်ကျခံနေရသည်ြ့မန်မာဒကာ(၂)ဦးလွတ်မြောက်ရောက်အတွက်အိန္ဒိယရောက်မြန်မာသံဃာတော်များမှ ပရိတ်ရွတ် ဆုတောင်းပွဲ ကျင်းပ"
ထိုင်းနိုင်ငံတွင်မတရားပြစ်ဒဏ်ကျခံနေရသည့်မြန်မာဒကာ(၂)ဦးအမြန်ဆုံးလွတ်မြောက်စေရန်အတွက် အိန္ဒိယနိုင်ငံတွင်ရောက် သံဃာတေိာများစုပေါင်း၍ ဘုရားအဆူဆူပွင့်တော်မူရာ ဗုဒ္ဓဂယာအောင်မြေမဟာတွင် ပရတ်ရွတ်၊မေတ္တာပို့၊ ဆုတောင်းမင်္ဂလာပြုလုပ်ခဲ့ပါသည်။
သံဃာတော်ရှင်မြတ်တို့သည် မြန်မာဒကာ(၂) ဦးလွတ်မြောက်စေရန် မေတ္တာသုတ် ၊မောရသုတ်နှင့် ၀ဋ္ဋသုတ်တော်တို့ကိုရွတ်ဖတ်ပူဇော်ဆုတောင်း၍ သဗ္ဗဉုတဉာဏ်တော်ရတော်မူရာ မဟာဗောဓိညောင်ပင်တော်နှင့် မဟာဗောဓိစေတီတော်တို့ကို ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊သံဃာ့ဂုဏ်တော်များ ရွတ်ပွားကာလျှက် လက်ယာရ စ်သုံးပတ်ပတ်ပူဇော်၍ မတရားပြစ်ဒဏ်သင့်နေသည့် ဒကာ(၂) ဦးအမြန်လွှတ်မြောက်စေေ ကြာင်း ဆုတောင်းခဲ့ကြသည်။
0 comments:
Post a Comment