မြန်မာလူငယ်နှစ်ဦးအတွက် ကူညီပေးရန် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်သုံးဦးထံ ကာဒီနယ်ချားလ်စ်ဘို တောင်းဆို
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အခြားပိုမိုကောင်း သော ဖြေရှင်းနည်းများ ရှာဖွေရန် တရားရုံး(သို့မဟုတ်) သက်ဆိုင် သူထံ အယူခံဝင်ပေးကြရန်ထိုင်း ကက်သလစ်ဘုန်းတော်ကြီးများ ညီလာခံဥက္ကဋ္ဌ၊ ထိုင်းဆိုင်ရာ ဗာ တီကန်ကိုယ်စားလှယ် ကာဒီနယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပုပ်ရဟန်း မင်းကြီး၏ တမန်တော်သုံးဦးထံ သို့ ကာဒီနယ်ချားလ်စ်ဘိုက တောင်းဆိုစာများပေးပို့ခဲ့သည်။
ကာဒီနယ်ချားလ်စ်ဘိုသည် ဒီဇင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ လုံးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ တမန်တော် ဘုန်းတော်ကြီး Paul Tschang In-Nam ၊ ထိုင်းဆိုင် ရာ ဗာတီကန်ကိုယ်စားလှယ် ကာ ဒီနယ်Francis Xavier Kriengsak Kovithavanij နှင့် ထိုင်းကက်သ လစ်ဘုန်းတော်ကြီးများညီလာခံ ဥက္ကဋ္ဌ Louis Chamniern Santisukniran တို့ထံသို့ ပေးပို့တောင်း ဆိုခဲ့ခြင်းဖြစ်သည်။
‘‘အရှင်ဘုရားတို့ လုပ်နိုင်တဲ့ အတိုင်းအတာထဲမှာရှိတယ်ဆို ရင် ပိုကောင်းတဲ့ ဖြေရှင်းနည်းတွေ ရှာဖွေဖို့အတွက် တရားရုံးနဲ့ သက် ဆိုင်သူတွေကို အယူခံဝင်ပေးကြ ပါလို့ ကျွန်ုပ်တောင်းဆိုပါရစေ။ ငြိမ်းချမ်းရေး၊ ကောင်းမွန်တဲ့ဆက် ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိစေ ချင်တာက ကျွန်ုပ်ရဲ့နက်ရှိုင်းလှတဲ့ ဆန္ဒပဲဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ၏ ပထမဆုံးကာဒီနယ်အဖြစ် ယ ခုနှစ်ဆန်းပိုင်းက ပုပ်ရဟန်းမင်း ကြီးကိုယ်တိုင် တာဝန်ပေးအပ်ခဲ့ သော ချားလ်စ်ဘိုက တောင်းဆို ထားသည်။
လိပ်ကျွန်းဖြစ်စဉ်နှင့် မြန်မာ နှစ်ဦးကို သေဒဏ်ချမှတ်မှု၊ ဒီဇင် ဘာ ၂၄ရက်၊ ၂၅ ရက်တို့ကထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမှုများ၊ ပြည်သူအများအပြား၏ နှလုံးသားတွင် ဒေါသတရားနှင့် လက်စားချေလို မှုရှိနေကြောင်း၊ နှစ်နိုင်ငံကြားနှင့် ပြည်သူများအကြား ကောင်းမွန် သည့်ဆက်ဆံရေးအပေါ် ဤအမှု ကြောင့် ဆိုးယုတ်သည့်သက် ရောက်မှုအချို့ဖြစ်လာနိုင်သည် ကို စိုးရိမ်ကြောင်း၊ ဤအမှုအတွက် ပိုကောင်းသော ဖြေရှင်းနည်းများ ရှိနိုင်သည်ဟု ယုံကြည်ကြောင်း အစရှိသည်တို့ကို ချားလ်စ်ဘိုက ရေးသားထားသည်။
၂၀၁၄ စက်တင်ဘာက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း ကမ်းခြေတွင် ဗြိတိန်နိုင်ငံသားစုံ တွဲ ဟန်နာဝစ်သာရစ်ခ်ျနှင့်ဒေးဗစ် မီလာတို့၏ အလောင်းများကို တွေ့ရှိပြီးနောက် ယင်းကျွန်းရှိ စားသောက်ဆိုင်၌ အလုပ်လုပ် ကိုင်နေကြသော ဇော်လင်းနှင့်ဝင်း ဇော်ထွန်းတို့ကိုအပြစ်ရှိကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ၎င်း တို့နှစ်ဦးကိုစုံစမ်းစစ်ဆေးရာတွင် နှိပ်စက်ညှဉ်းပန်းမှုများရှိကြောင်း၊ သက်သေခံကို လွဲမှားစွာ ကိုင် တွယ်ကြောင်း အပါအ၀င် စွပ်စွဲ မှုအများအပြားရှိနေခဲ့သည်။ သို့ သော် ထိုသို့နှိပ်စက်ခဲ့ကြောင်း သက်သေမရှိဟုဆိုကာ နှိပ်စက် ညှဉ်းပန်းကြောင်း စွပ်စွဲချက်များ ကို တရားရုံးက ပလပ်ခဲ့သည်။
၁၄ လကြာပြီးနောက်၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ် ဦးကို ကော့စမွီတရားရုံးက သေ ဒဏ်ချမှတ်ခဲ့သည်။ ၎င်းတို့နှစ်ဦး ကို တစ်နှစ်ကျော်တိုင် ကော့စမွီ အကျဉ်းထောင်၌ ထိန်းသိမ်းထားခဲ့ရာမှ ၂၀၁၅ ဒီဇင်ဘာ ၂၆ ရက်တွင် တောင်ပိုင်းပြည်နယ်နက်ခွန်ဆီသမ်မရတ်ရှိ လုံခြုံရေး အဆင့်မြင့်အကျဉ်းထောင်သို့ပြောင်းရွှေ့ခဲ့သည်။ သေဒဏ်ချမှတ် ခံထားရသော မြန်မာနှစ်ဦးအနေဖြင့် တစ်လအတွင်း အယူခံကြမည်ဖြစ်ကြောင်း သိရသည်။
Ref: 7Day News Journal
0 comments:
Post a Comment